တာလေ ဒီဇင်ဘာ ၆
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ အထက်တန်းပြဆရာ ဦးရာဘစ်က ''အမျိုးသားရေးစိတ်ဓာတ်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်နိုးနိုက ''အမျိုးသားနေ့ဖြစ်ပေါ်လာပုံ'' ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ Grade-6 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)