ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ဟိုပုံးမြို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို သီရိမင်္ဂလာရွှေ ချမ်းသာမွေတော်ဘုရားကြီးရှေ့တွင် ဒီဇင်ဘာလ(၄)ရက်နေ့ညက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးပဒေသာလှည့်လည်ခြင်း၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာမီးပဒေသာ လှည့်လည်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါပွဲတော်တွင် စိန်နားပန်မီးပျံနှင့် ညမီးကြီး မီးပုံးပျံများ လွှတ်တင်ပူဇော်ပြီး ရပ်နီး/ရပ်ဝေးဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာလာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဟိုပုံးတန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ဒီဇင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၅)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပအိုဝ်း‌ဒေသ(ပြန်/ဆက်)