ကျိုင်းတုံ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကျိုင်းတုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ ဘောလုံးဒိုင်လူကြီး သင်တန်း (၁/၂၀၂၃)သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာနည်းပြ ဦးခင်မောင်သန်းတို့က အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ထို့နောက် ကျိုင်းတုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်းက သင်တန်းတွင် ထူးချွန်ဆုရရှိသူအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၁၈ ဦး တက်ရောက်ပြီး နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)