ခိုလမ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ (Community Centre) ခန်းမတွင် အခြေခံပညာမူလတန်း(ခလရ၆၆)ကျောင်းနှင့်ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးလွှမ်းသူနောင်မှ ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးအနက်ထားရန်နှင့် မမေ့မလျော့ကြရန် ပြောကြားခဲ့ပြီး (စာကြည့်တိုက်လက်ထောက်-၃)ဒေါ်ဝေဝေအောင်မှ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူ (၂၀)ဦးခန့်တို့မှ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)