မိုင်းရှူးမြို့ Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းရှူး ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၌ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက မူလတန်းကျောင်းသား/ ကျောင်းသူလေးများအား အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို)ဟော ပြောပွဲနှင့်စာဖတ်စွမ်း ရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းဟောပြောသည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ မူလတန်းအဆင့် ကျောင်းသူ ကျောင်းသား ပြိုင်ပွဲဝင်တို့က မိမိနှစ်သက်ရာ ပုံပြင်၊ ကဗျာများဖြင့် ပါဝင်ရွတ်ဆိုယှဉ်ပြိုင်ကြပြီး ယှဥ်ပြိုင်သူများအား အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ပြီးပြသထားသည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)