ပင်လုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ပင်လုံ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆုရွေးချယ်မှုအစီအစဥ်များအား ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသားလူငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့ကာ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူလေးများအား ဆုများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူလူငယ်များ(၂၀)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)