ဒလ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်ဦးဆောင်၍ ကွင်းဆင်းအဖွဲ့က (အခမဲ့) ဆေးကုသခြင်းကို ယနေ့နံနက် (၉) နာရီအချိန် ကြာဖြူကန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးစစ်ဆေးကုသပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်နှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား သွေးတိုး၊ဆီချို၊ဇက်နာ၊ခါနာ၊ ဒူးနာ၊ လေငန်း၊လေဖြတ်ရောဂါများအပြင် အထွေထွေရောဂါများကို (အခမဲ့) စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသခြင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်မောင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
မြင့်ဇော် (ပြန်/ဆက်)