ငါန်းဇွန် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကျင်းပခြင်းနှင့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟော ပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ငါန်းဇွန်အခြေခံပညာအထက်တန်းကျောင်းမှ (Grade-8) ကျောင်းသား၊ကျောင်းသူများအား ခေတ်အဆက်ဆက်မှ မျိုးချစ်သူရဲကောင်း၊ မျိုးချစ်ကျောင်းသား ကြီးများက အသက်၊ သွေး၊ ချွေးပေးဆပ်၍ ကျားကုတ်ကျားခဲ ရယူခဲ့သော အမိမြေ၊ အမိကြငှန်း၊ အမိစာပေ၊ အမိယဉ်ကျေးမှု စသည်တို့ကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ လက်ရှိလူငယ်များပင်ဖြစ်ကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်း လင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ငါန်းဇွန်မြို့နယ်ပြန်/ဆက်ရုံးမှ ဝန်ထမ်များက ကျောင်းသားကျောင်းသူများအား (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန်ဝေ ပေးအပ်ပြီး ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပြသထားသော သုတရသစာအုပ်စာစောင်ကိုလည်းကောင်း၊ မြို့နယ်ပြန်/ဆက်ရုံးရှေ့ရှိ မြေစိုက်ဘုတ်နှင့် နံရံကပ်စာစောင်များတွင် ပြသထားသော (၁၀၃)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများကိုလည်းကောင်း လှည့်လည်ရှင်းလင်းပြသပေးရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)