တနင်္သာရီမြို့၌(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ကျောင်းသူ/သားများအား ဖြန့်ဝေ

တနင်္သာရီ  ဒီဇင်ဘာ ၅

မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၃) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေဖြန့်ချိသည့် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များကို တနင်္သာရီတိုင်းဒေသကြီး-တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက် ၈ နာရီအချိန်က အ-ထ-က တနင်္သာရီမှ ကျောင်းသူ/သားများ၊ ခရီးသွား မိဘပြည်သူများအား ဖြန့်ဝေပေးကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးကမ်းစာစောင်တွင် ၂၀၂၃ခုနှစ်၊(၁၀၃)နှစ်မြောက်၊အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အေးအတူပူအမျှ မိန့်ခွန်းကောက်နှုတ်ချက်၊ အမျိုးသား ရေး တာဝန်နှင့်အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူမှုဆောင်းပါး၊ ပညာရေးမျှော်မှန်း ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုခဲ့ကြသော ဘခင်(L.A အထက် တန်း) အပါအဝင် ကျောင်းသားကြီး(၁၁)ဦးတို့၏ အမည်စာရင်းနှင့်  ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ အမျိုးသားနေ့ မမေ့အပ်ရာကဗျာ… စသဖြင့် စိတ်ဝင်စားဖွယ်အကြောင်းအရာများနှင့်မှ တ်တမ်းဓါတ်ပုံများ ပါရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)