(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို)အသိပညာပေး ဟောပြောခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ပန်းတောင်း ဒီဇင်ဘာ  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ကျောင်းသား ခေါင်းဆောင်များ၏ လွတ်လပ်ရေး ကျိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ရရှိပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထာဝစဉ် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အမှတ်(၁) အခြေခံပညာအထက်တန်းတွင် စောင်ရေ(၁၅၀)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် စောင်ရေ(၁၅၀) စုစုပေါင်း လက်ကမ်းစာစောင် (၃၀၀)ကို အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)