လှည်းကူး ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ (ကြို့ကုန်း) ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် လှည်းကူးမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာဦးရန်နိုင်ဦး (ခေါ်) ချစ်သဲဖြူ (ကော့ကရိတ်) က အမျိုးသားနေ့တို့မမေ့၊ လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ရွှေယမင်းအောင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း၊ အ.ထ.က ခွဲ (ကြို့ကုန်း) မှ Grade 9 ကျောင်းသား မောင်ရဲထက်နိုင်က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာတို့ကို အကျယ်တဝင့်ဆွေးနွေးဟောပြောပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မင်းအိက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲသို့တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲခင်းကျင်းပြသထားရာ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)