ဒလမြို့နယ် ညောင်ငုတ္တိုကျေးရွာ၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

ဒလ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ညောင်ငုတ္တိုကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်း တစ်ဧကလျှင် တင်း(၁၀၀)အထက်ထွက်ရှိရေး စံပြစိုက်ကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ခင်ပြုံး၊ တွံတေးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်မောင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်နိုင်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်ဆွေနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။

ထို့နောက် တောင်သူဦးစိုင်းညီညီဇော်၏ လုပ်ကိုင်ခွင့်ရကွင်းအမှတ်(၁၉၆)၊ ဦးပိုင်အမှတ်(၂/၆)ရှိ လယ်မြေဧက (၅)ဧက ပခန်းရွှေဝါ စံပြစိုက်ကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာ မိုးစပါးတစ်ဧကလျှင် စပါးအမှန်အခြောက်တင်း (၁၀၈.၆၉)တင်း ထွက်ရှိကြောင်း သတင်းရရှိသည်။

မြင့်ဇော် (ပြန်/ဆက်)