ပင်လောင်း ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အရှေ့ရပ်ကျောင်းတွင် ပြုလုပ်ခဲ့သည်။
လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုရာတွင် ယနေ့နံနက် ၉ နာရီအချိန်က မြန်စာဘာသာရပ်နှင့် မွန်းလွဲ ၁ နာရီအချိန်တွင် အင်္ဂလိပ်ဘာသာရပ်ကို ဖြေဆိုမည်ခဲ့ကြကြောင်း၊ ဒီဇင်ဘာ ၆ ရက်၊ ၇ရက်နေ့တွင် အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းများကို ဆက်လက်ဖြေဆိုသွားရမည်ဖြစ်ပြီး၊ ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ Grade-9၊ Grade-10၊ Grade-11၊ Grade-12 အသီးသီးမှ လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်