မောက်မယ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ မျိုးချစ်စိတ်ဓါတ် ပိုမိုရင့်သန်လာစေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်ကို အလေးထားသိရှိနိုင်စေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းကျောင်းခွဲ(စျေးတန်း)၌ ယမန်နေ့နေ့လည် (၁)နာရီက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အလယ်တန်းဆင့်စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး စာစီစာကုံးပြိုင်ပွဲကို “အမျိုးသားနေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲကို “အမျိုးသားအောင်ပွဲနေ့နေ့” ခေါင်းစဉ်ဖြင့် ကျင်းပပေးခဲ့ရာ စျေးတန်းရပ်ကွက် အ.လ.က(ခွဲ)မှ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ဒီဇင်ဘာလ(၇)ရက်နေ့၌ ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ပညာရေးဌာနမှ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)