ဒေါပုံမြိူ့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၇) ကျောင်းတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲများနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၇) ကျောင်းတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲများနှင့် စာစီစာကုံးပြိုင်ပွဲများအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရောက်ရှိမည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အကြိုအဖြစ် ဟောပြောပွဲများနှင့် စာစီစာကုံးပြိုင်ပွဲများကို ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဒေါပုံမြို့နယ်တွင် အထက်တန်းကျောင်း () ကျောင်း၊ အလယ်တန်းကျောင်း () ကျောင်းနှင့် မူလတန်းကျောင်း (၁၂) ကျောင်းရှိရာ အဆိုပါကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ မျိုးချစ်စိတ်ဓာတ်နှင့် ဝံသာနုစိတ်ဓာတ်များ ရှင်သန်နိုးကြားစေရေးအတွက် ကျောင်းအုပ်ကြီးများက ဟောပြောခဲ့ကြသည်။ ထို့အပြင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပခဲ့ရာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)