သာကေတ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယမန်နေ့မွန်းလွဲ (၂:၀၀) နာရီအချိန်တွင် ၂၀၂၃-ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲအားကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် (၂) ဦးညွှန့်ဝေတို့က တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ အထိမ်းအမှတ်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ် (Book Club) ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်၊ မြို့နယ်(Youth Club) နာယက ဒေါက်တာအောင်ကိုဦးတို့က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အမျိုးသားရေးတာဝန်များ၊ နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးအကြောင်းအရာများ၊ အမျိုးသားရေးစိတ်ဓာတ်အမွေကိုခံယူ ထိန်းသိမ်းရမည့် အကြောင်းအရာများအား ဟောပြောခဲ့ပြီး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစောသက်ဇေအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းများအား ဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် ၂၀၂၃-ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်အားဖြန့်ဝေခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြသထားသည့် (၁၀၃)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်များအား ကြည့် ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)