ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အမျိုးသားအောင်ပွဲ့နေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ ကျီစု (သစ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသော လူငယ်များဖြစ်လာစေရန်၊ နေ့ထူးနေ့မြတ်ဖြစ်သော အမျိုးသားအောင်ပွဲနေ့ကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ အမျိုးသားပညာရေးအကြောင်းအရာများကိုလည်းကောင်း၊ စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ​ ဒေါ်​ ​မြင့်မြင့်သိန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အေးမဉ္ဇူ