ပြင်ဦးလွင်မြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက်  ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ချင်းတွင်းဆောင်၌  ကျင်းပ ပြုလုပ်သည်။  

အဆိုပါ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်  အထက်တန်းအဆင့် အမျိုးသားနေ့နှင့် လူငယ်တို့၏ တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် အမျိုးသားအောင်ပွဲတို့ဆင်နွဲ ခေါင်းစဉ်ဖြင့် လည်ကောင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူ (၆၉)ဦးတို့မှ  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ပြီး  (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်  စာစီစာကုံးပြိုင်ပွဲတွင် ကျောင်း သား/သူများဝင်ရောက်ယှဉ်ပြိုင်နေမှုအား တာဝန်ရှိသူများကဝင်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)