ပြင်ဦးလွင်မြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့တွင်  (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို    ယနေ့နံနက်  ၁၀  နာရီက   အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ   ချင်းတွင်းဆောင်၌  ကျင်းပပြုလုပ်သည်။  

အဆိုပါ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်  အထက်တန်းအဆင့် အမျိုးသားနေ့နှင့် လူငယ်တို့၏တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်  အမျိုးသားအောင်ပွဲတို့ဆင်နွဲ ခေါင်းစဉ်ဖြင့်လည်ကောင်း   မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူ (၆၉) ဦးတို့မှ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ပြီး  (၁၀၃)  နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်  စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား တာဝန်ရှိသူများက ဝင်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)