မဟာအောင်မြေ ဒီဇင်ဘာ ၄
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation Initiative-SPI) အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်း မြို့နယ်အဆင့် ဆွေးနွေးပွဲကို (၂.၁၂.၂၀၂၃) ရက်နေ့မှ (၄.၁၂.၂၀၂၃) ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Student Participation Initiative-SPI) အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်း မြို့နယ်အဆင့် ဆွေးနွေးပွဲပြုလုပ်ရခြင်းမှာ (က) ကျောင်းနေဘဝကို ပိုမိုနှစ်သက်ပျော်ရွှင်ပြီး ကလေးများကျောင်းနေမြဲရန်နှင့် ကျောင်းပြင်ပရောက်ကလေးများ ကျောင်းသို့ပြန်လည်ရောက်ရှိလာစေရန်။ (ခ) ၂၁ရာစုလူငယ် (ဆယ်ကျော်သက်)များအတွက် အရေးပါသည့် ကောင်းမွန်သော ဘဝနေထိုင်မှုဆိုင်ရာအသိပညာများ၊ ကျွမ်းကျင်မှုများနှင့် စိတ်နေသဘောထားများဖွံ့ဖြိုးလာစေရန်နှင့် နိုင်ငံသားကောင်းများ၊ ကမ္ဘာ့နိုင်ငံသား ကောင်းများဖြစ်လာစေရန်။ (ဂ) အသင်းအဖွဲ့လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်မှု၊ ဆက်သွယ်ပြောဆိုတတ်မှု၊ အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းဆောင်ရွက်တတ်မှုစသည့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ (Student Participation Initiative-SPI) အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သင်တန်းမှူးဖြစ်သည့် အမှတ် (၁၃) အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လုံးဝင်းက ၂၁ ရာစုကျွမ်းကျင်မှုများ ဖွံဖြိုးတိုးတက်စေရေးအတွက် SPI လုပ်ငန်းစဥ်များဖြစ်သည့် (၁) ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ (၂) အသင်းအဖွဲ့များတွင် ရွေးချယ်ပါဝင်စေခြင်း၊ (၃) ပံပိုးပေးနိုင်မည့် ဆရာ၊ဆရာမများရွေးချယ် သတ်မှတ်ခြင်း၊(၄) လုပ်ငန်းစဥ်များ ဆွေးနွေးဖော်ထုတ်စေခြင်း၊ (၅)လိုအပ်သည်များ ညှိနှိုင်း စီစဥ်ဆောင်ရွက်ခြင်း၊ (၆)မိဘများ၏ကူညီပံ့ပိုးမှုများညှိနှိုင်းရယူခြင်း၊ (၇)အစပျိုးလှုပ်ရှားမှုလုပ်ငန်းစတင်ခြင်း၊ (၈)အားသာချက်၊ အားနည်းချက်နှင့်ပံပိုးရမည့်လိုအပ်ချက်များ ဖြေရှင်းဆောင်ရွက်ရန် စသည်များ ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး သင်တန်းနည်းပြအဖြစ် အ.ထ.က(ခွဲ)၁၂ ကျောင်း အုပ်ဆရာမကြီး ဒေါ်သင်းသင်းရီက ဆွေးနွေးရာ မိမိတို့ဒေသ မိမိတို့ရပ်ရွာအခြေအနေအရ ကျောင်းများတွင် မည်သည့်အဖွဲ့အစည်းများ ဖွဲ့စည်ရန်လိုအပ်ပါသလဲ၊ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများရရှိပါသလဲ၊ မည်သည့်အရင်းအမြစ်များ၊ ပံပိုးမှုများရရှိနိုင်ပါသလဲ မည်သူတို့လိုအပ်ပါသလဲ စသည်များဆွေးနွေးပေးခဲ့ပြီး သင်တန်းအား အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်လီလီအောင်မှ လာရောက်ကြီးကြပ်ပေးခဲ့ပြီး သင်တန်းနည်းပြ (၂)ဦး၊ အခြခံပညာ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၁၇)ဦး တက်ရောက် သင်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း