မရမ်းကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ "လူတိုင်းစာတက်မြောက်မှုမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့"ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ

မရမ်းကုန်း ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း Book Club နှင့် "လူတိုင်းစာတက်မြောက်မှုမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

 စာဖတ်ဝိုင်းတွင် စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးကျော်ဇင်ဝင်းက အဆိုပါဆောင်းပါးမှ စာတက်မြောက်ရေးလှုပ်ရှားမှုအကြောင်း၊ အောင်မြင်ခဲ့သည့် "အ" သုံးလုံးဆောင်ရွက်မှု အကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်ထင်ရာဇာက အောင်မြင်ခဲ့သည့် မြန်မာစာသင်ကြားနည်းစနစ်များအကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးစိန်မင်းက စာတက်မြောက်မှုနှုန်းနှင့် စာတက်မြောက်ရေးဆောင်ရွက်ချက်အကြောင်းတို့ကို ဖတ်ကြားခဲ့ရာ  တက်ရောက်လာသူ စာပေချစ်သူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)