မိုးညှင်းမြို့၌ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုးညှင်း ဒီဇင်ဘာ ၄

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများကို နိုဝင်ဘာ(၃၀)ရက် နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မိုးညှင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လာမာမီး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက “လူတိုင်းသက်ရှည်ကျန်းမာရန် ပြည်သူ့ကျန်းမာရေးသည်အခြေခံ” ဟူသော ဆောင်ပုဒ်နှင့်အညီ အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်း(မြို့မ)မှ KG တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၁၄)ဦးအား ကျန်းမာရေးဆိုင်ရာအသိပညာရပ်များ ဟောပြောပေးခြင်း၊ ကျန်းမာရေးများစစ်ဆေးပေးခြင်း၊ Vision Test စမ်းသပ်ပေးခြင်း၊ အာဟာရမုန့်ကျွေးမွေးခြင်း၊ အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်အလိုက် ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန် (Body mass Index)တွက်ချက်ပေးခြင်း၊ နည်းစနစ်မှန်ကန်သည့် သွားတိုက်နည်းသရုပ်ပြသခြင်းနှင့် သွားတိုက်တန်များ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း