မိုင်းပန် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် ဒေသတစ်ခုဖြစ်ရာ ၂၀၂၃ ခုနှစ်၊ ကြက်သွန်ဖြူစိုက်ပျိုးချိန်ကာလတွင် အငှားလိုက်စိုက်သူများ ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် လယ်ယာများ၌ ကြက်သွန်ဖြူကိုအဓိကထား၍ စိုက်ပျိုးသောမြို့ငယ်တစ်မြို့ရာ ကြက်သွန်ဖြူစိုက်ပျိုးချိန်တွင် လူကိုသာအငှားခေါ်၍ စိုက်နေရကြောင်းနှင့် မြို့နှင့်နီးသော လယ်ခင်းများထဲတွင် ကြက်သွန်ဖြူစိုက်ခ(၁)ခွဲလျှင် (၁၂၀၀၀)ကျပ်ငှားရမ်းစိုက်ရပြီး မြို့နှင့်ဝေးသော ယာခင်းများထဲတွင် စိုက်ခ(၁)ခွဲလျှင် (၁၅၀၀၀)အထိ အငှားခေါ်၍ စိုက်လျက်ရှိရာ အငှားလိုက်စိုက်သူများ ပုံမှန်ဝင်ငွေရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း အငှားလိုက်စိုက်သူများထံမှ သိရသည်။
အငှားလိုက်စိုက်သူများအနေဖြင့် ခန့်မှန်းခြေတစ်ယောက်အတွက် တစ်ရက်လျှင်(၂)ခွဲခန့်စိုက်နိုင်ကြောင်း ကြက်သွန်ဖြူစိုက်အငှားလိုက်သူများထံမှ သိရသည်။
နော်မှိုင်း(ပြန်/ဆက်)