လှည်းကူးမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

လှည်းကူး ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း (မေဃဝတီ)၌ ကျင်းပသည်။

ဟောပြောပွဲတွင် လှည်းကူးမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာဦးရန်နိုင်ဦး(ခေါ်) ချစ်သဲဖြူ (ကော့ကရိတ်)က အမျိုးသားနေ့တို့မမေ့၊ လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမူး ဒေါ်ရွှေယမင်းအောင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးဟောပြောသည်။

ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲခင်းကျင်းပြသထားရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)