မိုင်းယုမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

မိုင်းယု ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် အသစ္စာဆိုအဓိဋ္ဌာန်ပြုခဲ့ကြသော ကျောင်းသားကြီး (၁၁)ဦးနှင့် ယနေ့လူငယ်များအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ တန်ဖိုးထား ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း စသည့် အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှု၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြပြီး၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အားချာ