အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယန်း ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မြို့ယန်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌  ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးကော်မတီဉက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုင်းမောင်ထွေးမှ  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပွားရခြင်းနှင့်ပတ်သတ်၍ လိုက်နာဆောင်ရွက်သင့်သည့် ကိစ္စရပ်များဆိုင်ရာ အကြောင်းအရင်းများကိုလည်းကောင်း၊ ကျိုင်းတုံခရိုင်လူမူဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမျိုးသမီးများပေါ်အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့်အကြောင်းရင်းများ၊ အကြမ်းဖက်မှုအကျိုးဆက်များ၊ အကြမ်းမှုဖြစ်ပွား ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည့်အကြောင်းအရာများဖြင့် အသိပညာပေး ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ကြပြီး  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ဝေသော ကျား၊ မအခြေပြု အကြမ်းဖက်မှု အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး