မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကျင်းပ

မက်မန်း ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၃)ဦးက လွတ်လပ်ရေးအထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာများကို ရေးစပ်ခြင်း၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၂) ဦးကလည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲအားလည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)