(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲပြုလုပ်

ကော့သောင်း  ဒီဇင်ဘာ ၄

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ မူလွန်အောင်သုခကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲပြုလုပ် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းသားကျောင်းသူများအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက မြန်မာနိုင်ငံအမျိုးသားအောင်ပွဲနေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ကာနိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့်အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏အရေးပါမှုစသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအားတမ်းဓာတ်ပုံ နှင့်နံရံကပ်စာစောင်များအားခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)