လားရှိုး ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့က လားရှိုးမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် တစ်ဦးလျှင် ဆီ (၅၀)သား၊ ကြက်ဥ (၁၀)လုံးစီကို လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထုတ်ပေးခဲ့ရာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူတို့က လက်ခံခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် တွဲဖက်ပြည်နယ်အဆင့် (၁၆၃၃)ဦး၊ ခရိုင်အဆင့် (၅၅၁)ဦး ၊ မြို့နယ်အဆင့် (၁၈၄၂)ဦးအတွက် ပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)