ခိုလမ်မြို့၊ အ-ထ-ကကျောင်းတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ခိုလမ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီအချိန်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို  စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပခဲ့ပါသည်။

အဆိုပါ (၁၀၃) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများတွင် အ-ထ-က ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်မှ ပြိုင်ပွဲများ ကျင်းပပေးရခြင်းနှင့် စည်းမျဥ်းစည်းကမ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများမှ စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သူ (၂၄) ဦး၊ ကဗျာပြိုင်ပွဲတွင် (၂၉) ဦးနှင့် ပန်းချီပြိုင်ပွဲတွင် (၅) ဦး စုစုပေါင်း (၅၈) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)