ပင်းတယ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ကြည်ဝင်းက စာရေးဆရာကိုကိုလင်း(အမေ့အိမ်)ရေးသားသည့် “လူကြီးတွေက စပြင်ပါ” စာအုပ်မှ “စာကိုလည်းသင်၊ စိတ်လည်းပြင်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး Youth Club အဖွဲ့ဝင်များက “ဘဝထဲကပညာ”၊ “တစ်မိပေါက်တစ်ယောက်ထွန်း”၊ “လောကကို အကောင်းမြင်ကြည်ခြင်း” စသည့် ခေါင်းစဉ်များပါအကြောင်းအရာများအား ဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်အတွင်း၌ သုတ/ရသစာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Youth Club အဖွဲ့ဝင်များက စိတ်ဝင်တစ်စားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)