ချမ်းမြသာစည် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ ၁၀၅x၁၀၆ လမ်းကြားရှိ သူနာပြုတက္ကသိုလ် (မန္တလေး)တွင် သူနာပြုတက္ကသိုလ် (၂၅) နှစ်ပြည့် (ငွေရတု) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ်ရှိ ခြောက်ထပ်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာ၀န်ရှိသူများမှ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကျောင်းသား/သူများမှ အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းမှ (၂၅)နှစ်ပြည့်(ငွေရတု) အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့ပြီး ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်းမှ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ခင်ဝင်းစိန်မှ ကျေးဇူးတင်စကား ပြောကြားပြီး ကျောင်းသား/သူများမှ ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ငွေရတု အထိမ်းအမှတ် ကိတ်မုန့်ခွဲခြင်း၊ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်း၊ ကျောင်းသား/သူများမှ ရွှေမြန်မာသာယာငြိမ်းချမ်း တိုင်းရင်းသား ပေါင်းစုံအကဖြင့် ဖျော်ဖြေခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာ ဝန်ကြီး ဦးအောင်မင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းအစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်ဝင်းစိန်နှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ သူများ၊ သူနာပြုတက္ကသိုလ် (မန္တလေး)၏ အငြိမ်းစား ပါမောက္ခချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ ဖေသက်ခင်နှင့် တက္ကသိုလ်အသီးသီးမှ ပါမောက္ခများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ချမ်းမြေ့