မိုးကောင်း ဒီဇင်ဘာ ၁
၂၀၂၃ ခုနှစ် ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့၏ “Let Communities Lead” အေအိုင်ဒီအက်စ် ကင်းဝေးရေး ပြည်သူလူထုဦးဆောင်ပေး ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းက World AIDS Day ဖြစ်ပေါ်လာခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဆရာမကြီး ဒေါ်တင်မာဝေနှင့် ဒေါက်တာ ကောင်းခိုင်မင်းတို့က မြို့နယ် ခုခံအားကျ ကာလသားတိုက်ဖျက်ရေးဌာန ART ဆေးပေးခန်းမှ ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများ အကြောင်းကိုလည်းကောင်း၊ SRHR Project Manager ဆရာမ ဂျီဆိုင်းက ဆယ်ကျော်သက်အရွယ်လူငယ်နှင့် မျိုးဆက်ပြန့်ပွားကျန်းမာရေး အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ဖီးနစ်(စ်)လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညွန့်ဦးမှ အခမ်းအနားနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Ngo အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်သည်။
သန်းလွင်ဦး(ပြန်/ဆက်)