ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဟားခါး ဒီဇင်ဘာ ၁

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁ /၂၀၂၃) ကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ကော်မတီဝင်များတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ယနေ့ကျင်းပပြုလုပ်သည့်အစည်းအဝေးသည် စားသုံးသူရေးရာကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်စားသုံးသူကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခြေအနေနှင့် လိုအပ်ချက်များကို အကြံပြုဖြည့်စွက်ကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)