စမ်းချောင်း ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂ဝ၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ က မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက သင်တန်းဆင်းပွဲ အမှာစကားပြောကြား၍ ဆုရရှိသူများကို ဆုတံဆိပ်များချီးမြှင့်သည်။ ထို့နောက် သင်တန်းသားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ထွန်းဦးမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အရန်မီးသတ်ဒုတိယတပ်ရင်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ စုစုပေါင်း(၅၅)ဦး တက်ရောက်ကြောင်း သိရသည်။
နီလာစိုး