မိုင်းစံ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးသည် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သည့် မိန်းကလေးများအား ထိုးနှံပေးမှသာ ဆေးအာနိသင်ထိရောက်မည်ဖြစ်ရာ ထိုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စနစ်တကျထိုးနှံရာတွင် အောင်မြင်စွာထိုးနှံနိုင်ရေးအတွက် မိုင်းစံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ပညာရေးဌာနနှင့် မိဘပြည်သူများ ပူးပေါင်း၍ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ(၈၅)ဦးအား အောင်မြင်စွာထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။
မိုင်းစံ (ပြန်/ဆက်)