ကရသူရိမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်များအား ရှောင်တခင်စစ်ဆေးဆောင်ရွက်

ကရသူရိ နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးယာဉ်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၈နာရီအချိန်က အမှတ်(၁)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ နယ်မြေစခန်းမှ ဒုရဲအုပ်နှင့်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကရသူရိမြို့စည်ပင် သာယာရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ကြံ့ခိုင်မှု ရှိ/ မရှိစစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဘတ်မှန်နှင့် ယာဉ်များတွင်ထားရှိရမည့် သတ်မှတ်ချက်များပြည့်စုံမှု ရှိ/မရှိတို့ကိုစစ်ဆေးပြီး ကားဘီးခွန်/ ‌ဆိုင်ကယ်ဘီးခွန်များ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ခြင်းသည် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်များအားသတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)