ရေဖြူမြို့၊ အနောက်ဘက်ကမ်းဈေးတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင်မှုများဆောင်ရွက်

ရေဖြူ နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင်မှုကို ယနေ့နံနက် ၈ နာရီအချိန်က ရေဖြူမြို့၊ (က)ရပ်ကွက် အနောက်ဘက်ကမ်းဈေးတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရှေးဉီးစွာ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီး‌အောင်ကိုမင်းက မီးဘေးစိုးရိမ်ရမှု၊ ရေရရှိမှုနှင့် မီးသတ်ပစ္စည်းကိရိယာများ တပ်ဆင်ဆောင်ရွက်ထားရှိမှု၊မီးကူးစက်ပြန့်ပွားနိုင်မှု၊ ဝင်ပေါက်/ထွက်ပေါက် သင်္ကေတနှင့် သတိပေးတားမြစ်စာသားများ၊ အရေးကြီးဖုန်းနံပါတ်များဆောင်ရွက်ထားမှုကို လိုက်လံ စစ်ဆေးခဲ့ခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ သရုပ်ပြနှင့် ဇာတ်တိုက်လေ့ကျင်မှုများကို ရေဖြူမြို့ (က) ရပ်ကွက် အနောက်ဘက်ကမ်းဈေးတွင် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းအား  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဉီးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်း‌ရွှေနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဈေးသူဈေးသားများ စုစုပေါင်းအင်အား (၅၀)ဉီးခန့် လာရာက် ကြည့်ရှုခဲ့ကြပြီး လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခတ္တာ(ပြန်/ဆက်)