သရက်ချောင်း နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်ရှိကွင်းအမှတ် (၃၇၆ BN)၊ ဦးပိုင်(၃၆)၊ ဧရိယာ(၂.၅၀)ဧကရှိ တောင်သူဦးစိန်တင်၏ ဧရာမင်း ပေါင်ပျိုး (၆.၆ )ပေ ပတ်လည် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စံပြကွက် ရိတ်သိမ်းပွဲကို သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းနှင့်ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းထွဋ်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြတ်ထွေးသွယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါစံကွက်ရိတ်သိမ်းရာတွင် ဧရာမင်းစပါးတစ်ဧကလျှင် အစို(၁၁၄.၅၇)တင်းနှုန်းထွက်ရှိပြီး သရက်ချောင်းမြို့နယ်တွင် မိုးစပါး စိုက်ဧက (၂၆၀၁၉)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းထံမှ သိရသည်။
နန်းခလိုက်(သရက်ချောင်း)