လွိုင်လင် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောဂ်ပိုင်း)လွိုင်လင်မြို့တွင် (၉၆)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းဘုံကထိန် လှည့်လည်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက မြို့လယ်ကျောင်းတိုက်စုရပ်မှ စတင်လှည့်လည်ခဲ့သည်။
ထိုသို့လှည့်လည်ရာတွင် မြတ်စွာဘုရားရှင်နှင့် ဘုရားမဲကြီးငါးမဲဖြစ်သည့် မြသပိတ်တော်၊ ရှင်သီဝလိ၊ ရှင်ဉပဂုတ္တမထေရ်မြတ်၊ ရွှေဖယောင်းတိုင်၊ ငွေဖယောင်းတိုင် လှူဖွယ်ပစ္စည်းများနှင့် ငွေပဒေသာပင်(၃၁)ပင် စီတန်းလှည့်လည်ကြသည်။ ရှေးဦးစွာမြို့လယ်ကျောင်းတိုက်မှ မင်းလမ်းသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ဗောဓိလမ်း၊ မေါတော်ကျောင်းကျောင်းလမ်း၊ အနောက်ကျောင်းလမ်းမှ သုခလမ်း ထိုမှတစ်ဆင့် မြို့လယ်ကျောင်းတိုက်သို့ ပြန်လည်ဝင်ရောက်ကြသည်။ ယနေ့ပဒေသာပင်လှည့်လည်ပြီးနောက် တန်ဆောင်းလပြည့်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် လှူဒါန်းမှုအစုအစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်