တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် Case-30723 ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

တီးတိန်     အောက်တိုဘာ     ၂၃

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ Case- 30723 သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ၏ ခွင့်ပြုချက်ဖြင့် ယနေ့ မွန်းတည့် ၁၂ နာရီက ဆေးရုံမှဆင်းခွင့်ပြုပြီး နေအိမ်တွင် Home Quarantine ဖြင့် (၇) ရက်ဆက်လက် နေထိုင်မည်ဖြစ်သည်။

အဆိုပါ Case- 30723 သည် အောက်တိုလာ ၁၃ ရက်က ကျီးခါးမြို့မှ တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောက်တိုဘာ ၁၅ ရက်မှ စတင် ၍ (၁၁) ရက်ကြာဆေးကုသမှုခံယူကာ ယခုအချိန်တွင် ရောဂါလက္ခဏာ မရှိတော့သည့်အတွက် ဆေးရုံမှဆင်းခွင့်ပြုခြင်းဖြစ်သည်။

၎င်းမှာ ကျီးခါးမြို့နေ အိန္ဒိယနိုင်ငံမှ ပြန်လာသူအသက် (၂၄)နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ယခုလတ်တလောအချိန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဆေးကုသမှုခံယူသူ မရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)