ဟားခါး ဇန်နဝါရီ ၇
ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ ညနေ ၅ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေက ဝန်ထမ်းများ အရည်အသွေးပြည့်မီစေရန်နှင့် ရုံးလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြင့်မားရေးရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများကလည်း သင်ကြားသည့် ဘာသာရပ်အလိုက် ကြိုးစားသွားကြရန်နှင့် မြို့နယ် အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံကွန်ပျူတာသင်တန်းများ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဟားခါးခရိုင် ဦးစီးအရာရှိ ဦးမြင့်နိုင်စိုးက လူထုအခြေပြုဗဟိုဌာနတွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ရခြင်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် Microsoft Word ၊ Microsoft Power Point ၊ Micorsoft Excel ၊ Microsoft Publisher ၊ Adobe Photoshop စသည့် ဘာသာရပ်များကို Chin Art မှ နည်းပြများဖြစ်သည့် ဆလိုင်းဂျိမ်းနှင့် ဆလိုင်မင်ကျုံးတို့က သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်း (၂၀) ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကာလမှာ ဇန်နဝါရီလ ၆ ရက်မှ မတ်လ ၁၅ ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်စွာ(ပြန်/ဆက်)