မင်းတပ် အောက်တိုဘာ ၂၃
မင်းတပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူ (၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
၎င်းကြိုတင်ဆန္ဒမဲပေးသူ (၂)ဦးသည် မိမိရောက်ရှိနေသည့် မြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပုံစံ(၁၅) ဖြင့်လာရောက် လျှောက်ထားသူများဖြစ်ကြောင်း၊ ထိုသို့ကြိုတင်မဲပေးရန်ပုံစံ-၁၅ဖြင့် လာရောက် လျှောက်ထားသည့်အပေါ် မဲဆန္ဒရှင်၏ မဲစာရင်းပါရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်၍ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းဆန္ဒမဲလက်မှတ်များအား ချိတ်ပိတ်၍ ၎င်းတို့မဲပေးသည့် မြို့များသို့ ပေးပို့သွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)