ဖားကန့် ဇန်နဝါရီ ၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယမန်နေ့နံနက် (၁) နာရီခန့်တွင် ဆိပ်မူကျေးရွာအုပ်စု၊ ကျေးရွာအချို့တွင် (၁၀) မိနစ်ခန့် မိုးသည်းထန်စွာ ရွာသွန်းစဉ်အတွင်း မကျည်းစေ့အရွယ်ခန့် မိုးသီးများ ကြွေကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးသည်းထန်ပြီး မိုးသီးများ ကြွေကျခဲ့သော်လည်း ကြီးမားပြင်းထန်သည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ ပလပ်စတစ်ကော်ပြားအကြည်အချို့နှင့် မိုးကာတဲအချို့သာ ပျက်စီးခဲ့ခြင်းဖြစ်ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မိုးသီးကြွေကျခဲ့သော ကျေးရွာအချို့မှာ ဆိပ်မူကျေးရွာ၊ ဖားပြင်ကျေးရွာ၊ မမုံစံပြကျေးရွာနှင့် ယူမာကျေးရွာတို့ဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)