မိုင်းယောင်းမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

မိုင်းယောင်း  နိုဝင်ဘာ  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မန်နေ့က စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့်ခေါင်းဆောင်မှုအတွေး၏ အရေးပါမှုစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာအုပ်စာပေချစ်မြတ်နိုးသည့် ဝါသနာတူကလပ်အသင်းများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အတွေး၏အရေးပါမှုအကြောင်းနှင့် “သွားလျှင်တစ်တိုင် နားလျှင်တစ်ထိုင်”အကြောင်းတို့ကို ဖတ်ကြားခဲ့သည်။

ဆက်လက်၍ Book Club အသင်းမှ မောင်ယူလွင်က “ပညာနှင့်တူသောအလင်း”အကြောင်းနှင့် “လှပသောအနာဂတ်”အကြောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက “ခေါင်းဆောင်မှုအကြောင်းနှင့် “လူမှုဆက်ဆံရေးအရည်အသွေး”အကြောင်း၊ Youth Club အသင်းမှ မချောစုက လူငယ်နှင့်ပညာရေးအကြောင်းနှင့် “ပူးပေါင်းဆောင်ရွက်ခြင်း”အကြောင်းကို ဖတ်ကြားခဲ့ကြသည်။

ထို့နောက် မိမိတို့ဖတ်ကြားသည့် အကြောင်းအရာများ၊ စာဖတ်ခြင်းမှ ရရှိလာသည့် အသိပညာဗဟုသုတများ၊ စာပေဆိုင်ရာ အသိအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း