ခေါင်လန်ဖူးမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေး စစ်ဆေး

ခေါင်လန်ဖူး အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများအား တိကျမှန်ကန်ရေး မဲစာရင်း စစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃)အုပ်စုတွင် မဲရုံ(၃၆)ရုံရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်(၈၉၉၉) ဦးကပ်ထားကြေညာထားရှိပြီး ယခုအောက်တိုဘာ ၁၄ ရက်နေ့ထိ မဲစာရင်းကြည့်ရှုသူ (၄၈၃၄)ဦး၊ ပုံစံ()ဖြင့်လျှောက်ထားသူ (၂၆၀)ဦး၊ ပုံစံ(-က)ဖြင့် လျှောက်ထားသူ(၆၄၄)ဦး၊ ပုံစံ()ဖြင့် ကန့်ကွက်သူ(၅၃၁)ဦး၊ ပုံစံ(-)ဖြင့် ပြင်ဆင်ရန် လျှောက်ထားသူ(၁၆၀)ဦး၊ အသက်ခြောက်ဆယ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီခြောက်ပါတီနှင့် တစ်သီးပုဂ္ဂလပါတီ တစ်ဦးတို့မှ လွှတ်တော်ကိုယ်စားလှယ်()ဦးနှင့် တိုင်းရင်းသားလေးမျိုးအတွက် လွှတ်တော်ကိုယ်စားလှယ် (၂၉) ဦးတို့ သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)