ပူတာအို အောက်တိုဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ဦးဆောင်သော သက်ဆိုင်ရာဌာနဆိုင်ရာများ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ပူတာအိုနှင့် မချမ်းဘော့မြို့နယ် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် အတွက် ဓာတ်သတ္တု(သဲ/ကျောက်) ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုများအပေါ် ထုတ်လုပ်ခွင့်လိုင်စင်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်လုပ်ခွင့်ပြုပေးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့နယ်အတွင်းရှိ သဲ၊ ကျောက် ထုတ်လုပ်ခွင့် လျှောက်ထားသည့်နေရာ (၁၉)နေရာနှင့် မချမ်းဘော့မြို့နယ်အတွင်း တစ်နေရာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး အဆိုပါသက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် မြစ်ချောင်းများ တိမ်ကောမှု မဖြစ်စေရေး၊ သဘာဝပတ်၀န်းကျင် ပျက်စီးမှုမရှိစေရေးနှင့် နိုင်ငံတော်၏ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ရရှိစေရေးအတွက် ဓာတ်သတ္တု(သဲ၊ ကျောက်) ထုတ်ယူခွင့်လိုင်စင်များအား လုပ်ငန်းရှင်များသို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြုလိုင်စင်များ ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)