ဒေါပုံမြို့နယ်၊ အထက(၁)ကျောင်းနှင့် အလက (၁)ကျောင်း Quarantine Centre များသို့ နေ့လယ်စာထမင်းဘူး (၂၀၀) ဘူးများ လှူဒါန်း

ဒေါပုံ  အောက်တိုဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လမုတန်းရပ်ကွက်၊ အထက(၁) ကျောင်းနှင့် ယမုံနာ(၁)ရပ်ကွက် အလက(၁)ကျောင်းများရှိ Quarantine Centre များသို့ ယမန်နေ့နေလယ်ပိုင်းအချိန်က ထမင်းဘူး(၂၀၀) ဘူး လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းတွင် Quarantine ဝင်ရောက်သူများနှင့် Volunteer များအတွက် နေ့လယ်စာထမင်းဘူးများကို အထက(၁)ကျောင်း Quarantine Centre တွင် ထမင်းဘူး(၁၆၀)ဘူး နှင့် အလက(၁)ကျောင်း Quarantine Center တွင် ထမင်းဘူး(၄၀)ဘူး စုစုပေါင်း(၂၀၀)ဘူး တို့အား ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်၊ (၃)လမ်းရှိ ဦးမြင့်ဇော်၊ ဒေါ်သီတာမျိုးသွင် မိသားစုတို့က လှူဒါန်းခြင်းဖြစ်ပြီး အလှူရှင်များကိုယ်စား သင်္ဘောကျင်း ပရဟိတလူငယ်များအဖွဲ့က လာရောက်လှူဒါန်းပေးခဲ့ရာ Quarantine များရှိ တာဝန်ခံများက လက်ခံရယူပေးခဲ့ပါသည်။

Quarantine Centre များ၌ ယနေ့အချိန်ထိ Quarantine ဝင်ရောက်သူများမှ အထက(၁) ကျောင်းတွင် ကျား(၅၄)ဦး၊ မ(၇၂)ဦး စုစုပေါင်း(၁၂၆)ဦး နှင့် အလက(၁)ကျောင်းတွင် ကျား(၉)၊ မ(၁၂)ဦး စုစုပေါင်း ( ၂၀)ဦး ရှိကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)