မတူပီမြို့နယ်တွင် မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များ ထုတ်ဝေပေးနိုင်ရေး စစ်ဆေးဆောင်ရွက်

မတူပီ            အောက်တိုဘာလ                ၂၂

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များအား စနစ်တကျ ထုတ်ဝေပေးနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်က စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲရုံသုံးပစ္စည်းများဖြစ်သော ဆန္ဒမဲပုံး၊ ဘောပင်၊ ပေတံ၊ ဆော့ပင်အပြာ၊ 10 pin၊ N0.10 Stapler နှင့် Correction pen၊ ကတ်ကြေး၊ တိပ်၊ မီးခြစ်၊ ပီနံကြိုးခွေ(အလတ်)၊ ဖယောင်းတိုင်(အထုပ်)၊ ဖိုင်(အကြည်) ၊ သရေကွင်း၊ Inkpad နှင့် မဲလက်မှတ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ အောက်တိုဘာ ( ၂၉ )ရက်နေ့တွင် ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မတူပီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ (၇၂)အုပ်စု၌ မဲရုံပေါင်း (၁၅၀)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ရာ အသက်(၁၈)နှစ်  ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ( ၃၇၅၂၅ )ဦးရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)