ကျေးသီး အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန် က မြန်မာ့စီးပွားရေးဘဏ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစာဝန်ထမ်းများအား စာအုပ်စာစောင်များ လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးသီးမြို့နယ်ရုံးအနေဖြင့် စာအုပ်စာစောင်များကို ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်များ အလွယ်တကူ စာပေဖတ်ရှု လေ့လာနိုင်ရေး၊ စာဖတ်ရှိန်တိုးတက်မြင့်မားရေး၊ ပြင်ပဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာ စသည့် စာအုပ်များကို အဆင်ပြေပြေ လေ့လာဖတ်ရှု့နိုင်ရန်အတွက် စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)